ဆိုးဆေး
ဆိုးဆေး
ခဏ လှတဲ့
သက်တံ့ပေါ်မှာ...
ဘယ်သူ..ကြာကြာကရဲသလဲ။
မူလကိုဖုံးအုပ်ထားတဲ့
နှုတ်ခမ်းပါး၊
ရွှေမှုန်ကျဲထား ပါသေးသတဲ့၊
ဘယ်သူကြာကြာ ယုံစားရဲသလဲ။
ကိုယ့်ကိုယ်ကိုယ်
မယုံကြည်ရင် ဆေးဆိုးပါ။
ကိုယ်ပိုင်ရနံ့နဲ့
ပွင့်တဲ့...ပန်း
ရေမွှေးဖျန်းဖို့
မလိုပါ...။
ဆိုးဆေးဆိုးဖို့
မလိုပါ...။
No comments:
Post a Comment